
2011-2012 ခန့် မှန်း ပြိုင်ပွဲ အပြင် လီဗာပူး ချစ်သူများ အတွက် နောက်ထပ် ပြိုင်ပွဲလေး တစ်ခုပါ။ ပြိုင်ပွဲ ဆိုတာထက် ဘယ်လို ခေါ်ရရင် ကောင်းမလည်း မသိဘူး။ လက်ရှိ ကျင်းပနေတဲ့ ခန့် မှန်း ပြိုင်ပွဲ အကြောင်း အသေးစိတ် ကို အောက်က လင့်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဆုပေးပွဲကို ရာသီကုန် ရင် ပြုလုပ်ဖို့  ကျွန်တော်တို့  စီစဉ်နေပါတယ်။ ဖိုရမ်က ကျွန်တော်တို့  အက်မင် အဖွဲ့  ဖြုတ်ဖို့  ဆုံးဖြတ်လိုက်တာမို့  ဘော်တန် နဲ့  ပွဲက စပြီး အဖြေလွှာများ မိမိ နစ်အဟောင်း ပါ တွဲပြီး ကို answers@mmliverpoolfc.com ပေးပို့ ပြီး ဖြေကြားပေးပါ။
ခန့် မှန်းပြိုင်ပွဲ အသေးစိတ် ကိုနှိပ်ရန်
mmliverpoolfc.com မှာ စာရေးမည့် များအတွက် အထူးရည်ရွယ်ထားတဲ့ ပြိုင်ပွဲလေး တစ်ခုပါ။ 2102 ဇန်န၀ါရီလ ကနေ ၂၀၁၂ ဒီဇင်ဘာလ အထိ ဆိုဒ်ကို သတင်းတင်ပေးပြီး Contribute လုပ်မယ့် ဟောဒီ က ညီအစ်ကို မောင်နှမများ အတွက် သီးသန့်  ပြိုင်ပွဲလေးပါ။
ကျွန်တော်တို့  တွေ အခု လောလောဆည် ဆု ၂ ဆု ပေးဖို့  ရည်မှန်းထားပါတယ်။ အကောင်းဆုံး စာရေး ဆရာဆု နဲ့  သတင်း အများဆုံး တင်နိုင်တဲ့ စာရေးဆရာဆု စုစုပေါင်း ၂ ဆု ဖြစ်ပါတယ်။ ဒီဆု များ အပြင် ကျွန်တော်တို့  အက်မင် တွေရဲ့  ဘတ်ဂျက် အခြေအနေ ကိုကြည့်ပြီး ထပ်မံချီးမြှင့်ပါအုန်းမယ်။ ဆုပေးပွဲကို ၂၀၁၂ ဒီဇင်ဘာ အကုန်လောက်မှာ ပေးနိုင်ဖို့  ကျွန်တော်တို့  မျှော်မှန်းထားပါတယ်။
အသေးစိတ် စည်းကမ်း နဲ့  ပြိုင်ပွဲ ၀င်ပုံ၊ သတင်းတင်ပုံတွေ အောက်က လင့်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
ပြိုင်ပွဲကို စတင်ပါပြီ ခင်ဗျ။ အခုလောလောဆည် မှာ စာရေးဆရာ Mars က ၂ ပိုစ့် တိတိ နဲ့  ဦးဆောင်နေပါတယ်ခင်ဗျာ။ ဆက်လက်ပြီး ပြိုင်ပွဲ ၀င်ကြပါအုန်း။ ဆုပေးချင်လွန်းလို့ ပါ။
http://www.mmliverpoolfc.com/writers-competition-2012/




